19 Mar 21, 04:15 AM ဘီလူးတွေဝင်စီးနေပြီ: အခုဆိုရင် ဘယ်နိုင်ငံကမှ သံတမန်ရေးရာ အဖက်လုပ်မနေတဲ့ ဒီအာဏာလုကာပု အဖြစ်ကလည်း ဖြစ်ချင်တာကဘုရင် ဖြစ်သွားတာကဝဲစားပါပဲ။ တရုတ်ကဟောက်ရင် အမြီးကုတ် တရုတ်ကချော့ရင် အမြီးရမ်းနဲ့ ပြာယာခတ်နေရပါပြီ။ |
19 Mar 21, 04:15 AM ဘီလူးတွေဝင်စီးနေပြီ: ဗိုလ်မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးအဆင့်၊ တရုတ်ဦးစီးချုပ်အဆင့်နဲ့တောင် တန်းတူဆွေးနွေးနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ |
19 Mar 21, 04:15 AM ဘီလူးတွေဝင်စီးနေပြီ: တရုတ်သံအမတ်က ရုံးမှာလာဟောက်ရင်တောင် တရုတ်သံအမတ်ကြီးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စများ တွေ့ဆုံဆွေးနွေးဆိုပြီး သတင်းစာထဲထည့်ကြွားရမည့် အနေအထားပါ။ |
19 Mar 21, 04:14 AM ဘီလူးတွေဝင်စီးနေပြီ: အခုအဖြစ်အပျက်တွေ ကြည့်ရင်ပဲ ပြည်ကြီးတရုတ်နဲ့ ဆက်စပ်နေတဲ့ စက်ရုံတွေမီးလောင်ကုန်လို့ တရုတ်ဘက်ကကြိမ်းမောင်းအပြီး |
19 Mar 21, 04:14 AM ဘီလူးတွေဝင်စီးနေပြီ: ချက်ချင်းရန်ကုန်မှာကာဖြူးတွေထုတ် အိမ်တွေထဲအထိဝင် သတ်ဖြတ်ရမ်းကားပြီး တရုတ်အလိုကျ အလွန်အမင်း လုပ်ပြနေရတဲ့ အဖြစ်ပါ။ |
19 Mar 21, 04:13 AM ဘီလူးတွေဝင်စီးနေပြီ: တရုတ်ပိုက်လိုင်းတို့ တရုတ်ဆိပ်ကမ်းတို့ ထိလာရင်တော့ လုပ်ကြံခံရမှာစိုးလို့ အမြီးကုတ်ပြီး ကုတင်အောက်ဝင်ပုန်းနေရတဲ့ ပုံစံဖြစ်လာမှာပါ။ |
19 Mar 21, 04:13 AM ဘီလူးတွေဝင်စီးနေပြီ: ဒါတွေဟာ အာဏာကို အာသာငန်းဖမ်းပြီး လုတဲ့အကျိုးဆက်၊ အပြစ်မဲ့ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းတဲ့ အကျိုးဆက်တွေပါ။ |
19 Mar 21, 04:13 AM ဘီလူးတွေဝင်စီးနေပြီ: အခုရက်ပိုင်းမှာ လမ်းပေါ်မှာလဲကျသေဆုံးနေတဲ့ ပြည်သူတယောက်ရဲ့ဦးခေါင်းကို ကျေမွသွားတဲ့အထိ ပက်ပက်စက်စက် အဆက်မပြတ်သေနတ်နဲ့ပစ်ပြ နေတဲ့ ဗီဒီယိုဖိုင်တခုလည်း တက်လာပါတယ်။ |
19 Mar 21, 04:12 AM ဘီလူးတွေဝင်စီးနေပြီ: ဒီလိုလူမျိုးဟာ လူစိတ်လည်းပျောက်နေပြီဖြစ်လို့ သေသူရဲ့အသားကို လှီးဖြတ်ပြီး အစိမ်းစားပြမယ်ဆိုရင်လည်း ဘာမှအံ့ဩစရာမရှိတော့ပါဘူး။ |
19 Mar 21, 04:12 AM ဘီလူးတွေဝင်စီးနေပြီ: ဒါဟာ ဝေသာလီပြည်ကို ဘီလူးတွေဝင်စီးနေတာကို လက်တွေ့မြင်နေရသလိုပါပဲ။ |